နွေရာသီကလည်း ပူ...
ပူတော့ ပန်ကာလေးဖွင့်...
အဲ့လိုလေးနေမှလည်း ဇိမ်ကျသဗျား...
ပူတော့ ပန်ကာလေးဖွင့်...
အဲ့လိုလေးနေမှလည်း ဇိမ်ကျသဗျား...
ကဲပါ... ကဲပါ..
အခုရေးချင်တာက အိမ်မှာရှိတဲ့ ကိုယ့်ပန်ကာကို
ဘယ်လို ကလိရမလဲဆိုတာ နည်းလမ်းလေးပေးချင်လို့ပါ...
ဘာလို့်နည်းလမ်းပေးချင်လိုလဲဆိုတော့ကား....
ဟီး... ကိုယ်တိုင်ပြင်ရင်း ပျက်တာက
ပိုတန်တယ်လေ...
ဆ်ုင်ရောက်တော့မှ ဆေးလွန်ပြီး လစ်သွားတော့မှ
မရတော့ဘူးဆိုရင် ကိုယ်ကလည်း ဘာမှမသိတော့
နောက်တစ်လုံးပေါ့.. နော့.. ဟဲဟဲ...
( ဆိုင်သမားတွေတော့ ထုတော့မှာပဲ )

ပန်ကာတစ်ခုမှာ ဘာတွေအပျက်များသလဲဆိုတော့..
၁။ bushing လို့ခေါ်တဲ့ ဆုံလည်ကဟာလေးတွေ
၂။ Capacitor လို့ခေါ်တဲ့ မဲမဲလေးထောင့်အတုံးလေး
၃။ Armature လို့ခေါ်တဲ့ ကွိုင်ထုပ်ပေါ့လေ..
၁။ bushing လို့ခေါ်တဲ့ ဆုံလည်ကဟာလေးတွေ
၂။ Capacitor လို့ခေါ်တဲ့ မဲမဲလေးထောင့်အတုံးလေး
၃။ Armature လို့ခေါ်တဲ့ ကွိုင်ထုပ်ပေါ့လေ..
ကျန်တဲ့ဟာတွေ Thermal fuse တို့ ဘာတို့ကတော့
ကိုယ်တိုင်ကျွမ်းကျင်မှုရှိမှ ပြင်လို့ရမှာတွေလေ...
ကိုယ်တိုင်ကျွမ်းကျင်မှုရှိမှ ပြင်လို့ရမှာတွေလေ...
အမှတ်စဉ် ( ၁ ) bushing လေးတွေ အသုံးပြုတာ
ကြာလို့ ညောင်းသွားတာကြောင့်လဲ မလည်နိုင်တော့ဘူးလေ။
How to know?
သိလွယ်ပါတယ်... ပန်ကာရဲ့ ဒလက်ကာဗာကိုဖြုတ်..
လက်နဲ့လှည့်ကြည့်... ခပ်ကြပ်ကြပ်ဖြစ်နေပြီလား..
အဲ့ဒါဖြစ်ဖို့များနေပြီ... အဲလဲ့... အဲလဲ့..
အောက်မှာ ပုံလေးတွေရှိတယ်.. ..
တစ်ခုချင်းစီရဲ့အောက်မှာ စာတွေရေးပေးထားတယ်ဗျ။

အမှတ်စဉ် ( ၂ ) Capacitor...
နဲနဲတော့ ခက်မယ်။ လျှပ်စစ်အကြောင်းသိဖို့လိုသွားပြီ။
သတိထားပြီးကိုင်ပေါ့....
Capacitor ပျက်မပျက်ကို သာမန်လူတွေ တန်းပြီးမသိနိုင်ဘူးလေ.... တစ်ခုသိနိုင်တာက ပန်ကာဖွင့်လိုက်ပြီး
ဒလက်မလည်ဘဲနဲ့ နှာခေါင်းသံနဲ့..
အီ........အီ.....အီ... ဆိုရင် Capacitor ဖြစ်တတ်တယ်လို့တော့
ဆရာတွေပြောတာ ကြားဖူးတယ်ဗျ...

ဒီတော့ အဟောင်းလေးကိုဖြုတ်... နိုးနိုး.. ခဲဆော်ထားတဲ့
နေရာကနေ ဖြုတ်မနေနဲ့တော့ ပြန်တပ်ရင် အနီ အနက်မေ့နေဦးမယ်။ အလယ်လောက်ကနေဖြတ်ချလိုက်ပေါ့....
ပြီးရင် လျှပ်စစ်ဆိုင်ကိုသွား ဒါလေးပေးပါပေါ့...
ထုတ်ပေးတာကို တန်းမယူခဲ့နဲ့ဦး...
'' ဒီနှစ်ခုက တူပါတယ်နော် '' လို့ စကားခံလိုက်လေ..
မမှားတော့ဘူးပေါ့...
( ကိုယ်ကမှ လျှပ်စစ်ကို မကျွမ်းသေးတာနော့... )

ဖြုတ်ခဲ့တဲ့ ကြိုးစအတိုင်းပြန်တပ်...
( မီးတိပ်လည်း နာနာပတ်ဦးနော်.. )
ပန်ကာ ပြန်ဖွင့်ကြည့်.... ဝီးဝီးဝီး နဲ့ လည်နေရင်
သင်အောင်မြင်ပါပြီ...
( မီးတိပ်လည်း နာနာပတ်ဦးနော်.. )
ပန်ကာ ပြန်ဖွင့်ကြည့်.... ဝီးဝီးဝီး နဲ့ လည်နေရင်
သင်အောင်မြင်ပါပြီ...
အမှတ်စဉ်( ၃ )
ကွိုင်လို့ခေါ်တဲ့ဟာ ကြေးနန်းကြိုးတွေပတ်ထားတာလေ...
အရမ်းသတိထားရတယ်...
သွသူနေရင်းပျက်ထာထက် သတိမမူလို့် ပျက်တာများတယ်။
ကွိုင်ထုပ်ကို ဖွင့်တယ်.. တစ်ခုခုနဲ့ညိတယ်...
၎ ခွေထုပ်ထားတာမှ ၁ခွေရဲ့ ကြိုးပိစိလေး
ပျက်သွားတာနဲ့ လစ်ရော....
အာ့မို့ စောစောက ပြောခဲ့တာပေါ့..
ကွကိုယ်မှားတာ ခံသာပါတယ်လို့
ကဲပါ.. ပြန်ဆက်ပြောရအောင်..
အဲ့ဒါပျက်သွားရင်ရော...
ဆိုတော့ကား..................
အမျှသာဝေလိုက်ပါတော့လေ....

ကွိုင်ပျက်သွားရင် ပြင်လို့တော့ မရပေမယ့်....
ကာကွယ်ရမယ့် နည်းကတော့.......
။။တစ်ချိန်တည်းမှာအကြာကြီး မသုံးလေ ကောင်းလေ။။
ပါပဲ... အချို့က ပန်ကာကို ဆက်တိုက်ကို
ဖွင့်ထားတတ်ကြတယ်လေ...
TV ကြည့်နေရင်းဆိုရင် ပိုတောင်ဆိုးသေးတယ်။
တစ်ကားပြီး .. တစ်ကားပဲ..
ပူလွန်းရင်လည်း ကွိုင်လောင်သွားတတ်တယ်လေ။

ကဲ.. ဒီလောက်ဆိုရင်
ဆိုင်သွားပြင်မယ့်အစား ကိုယ်တိုင်
ကလိလို့ရပါပြီ....
ဒီတစ်လုံးပြင်တာ မအောင်မြင်လည်း
နောက်တစ်လုံးပေါ့နော့...
ဆိုင်သွားပြင်မယ့်အစား ကိုယ်တိုင်
ကလိလို့ရပါပြီ....
ဒီတစ်လုံးပြင်တာ မအောင်မြင်လည်း
နောက်တစ်လုံးပေါ့နော့...
ကျေးဇူးတင်ပါတယ် ခင်ဗျ။
Credit
ဟိန်းဇော်ထက်
ဟိန်းဇော်ထက်